စာရေးသူ

အားလုံးမြင်နိုင်ရန်
Tim Gustafson

တင်မ်ဂပ်စ်ထက်ဖ်ဆန်

တင်မ်ဂပ်စ်ထက်ဖ်ဆန် (Tim Gustafson) သည် Our Daily Bread နှင့် Our Daily Journey စာစောင်များ ရေးသားပြီး၊ 'လေ့လာမှတ်သားဖွယ်စာစဉ်' ( Discovery Series) များကို တည်းဖြတ်ပေးသည်။ ဂါနာနိုင်ငံသို့ သာသနာသွားပြုသည့် အမှုတော်ဆောင် ဇနီးမောင်နှံ၏ မွေးစားသားတစ်ယောက်အနေနှင့် ၎င်းတွင် အနောက်နိုင်ငံ၌ နေရသည့် ဘဝနှင့်ပတ်သက်ပြီး တမူထူးသော ရှုထောင့် ရှိသည်။ သူ၏ဇနီးမှာ Leisa ဖြစ်ပြီး သမီးတစ်ဦးနှင့် သားခုနှစ်ယောက်ရှိသည်။ ထို့ကြောင့် သူ့အသက်တာ၏ လက်ဆွဲကျမ်းချက်မှာ "ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။ ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏" (ဆာလံကျမ်း ၆၈:၅-၆) ဖြစ်သည်မှာ အဆန်းမဟုတ်ပါ။

စာမူ/ အကြောင်းအရာ များ တင်မ်ဂပ်စ်ထက်ဖ်ဆန်

ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်း

ဖိုးဘီးယား(Phobia) ဆိုသည်မှာ အရာအချို့ (သို့) အခြေအနေအချို့ကို “အကြောင်းမဲ့ အကြောက်လွန်ခြင်း”ဟု အနက်ဖွင့်သည်။ Arachnophobia သည် ပင့်ကူများကို ကြောက်ရွံ့ခြင်းဖြစ်သည်(အချို့ကကြောက်သင့်တာပဲ၊လုံးဝဖြစ်သင့်သည်ဟုဆိုမည်)။ ထိုနောက် globophobia - ပူဖောင်းကို ကြောက်ခြင်း၊ xocolatophobia- ချောကလက်ကို ကြောက်ခြင်း စသည်ဖြင့် ရှိသည်။ ၎င်းတို့နှင့် အခြားသော လူတို့အကြောက်လွန်သည့်အရာ ၄၀၀ခန့်မျှရှိပြီး၊ ၎င်းတို့သည် အမှန်တကယ်ရှိပြီး မှတ်တမ်းပြုစုထားသည်။ မည်သည့်အရာကိုမဆို ကျွန်ုပ်တို့ကြောက်နေတတ်ပုံ ပေါ်နေသည်။

ပညတ်တော်ဆယ်ပါးကိုခံယူပြီးနောက် ဣသရေလလူမျိုးတို့၏ကြောက်ရွံ့မှုကို သမ္မာကျမ်းစာက “လူအပေါင်းတို့သည် မိုးချုန်းခြင်း၊ လျှပ်ပြက်ခြင်း …ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏”(ထွက် ၂၀:၁၈)ဟု ဆိုထားသည်။မောရှေသည် သူတို့ကို နှစ်သိမ့်ကာ စိတ်ဝင်စားဖွယ် အကောင်းဆုံးသော ဤစကားများကို မိန့်မြွက်ခဲ့သည်။ “မစိုးရိမ်ကြနှင့်။ သင်တို့ကို စုံစမ်းခြင်းငှာလည်းကောင်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့်လွတ်မည်အကြောင်း ကိုယ်တော်ကို ကြောက်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အား ပြောဆို၏”…

ရှေဗန၏သင်္ချိုင်း

အိုင်ယာလန်ကဗျာဆရာ ဒဗလျူ ဘီ ရိစ် (W.B.Yeats) သည် သူသေဆုံးပါက တောင်ထိပ်၌မြေပြန့်သည့် ထည်ဝါသည့်“ဘန်ဘူလ်ဘန်တောင်ခြေ၌” သူကို မြှုပ်နှံပေးစေလိုပြီး၊ သူနောက်ဆုံးရေးစပ်ခဲ့သောကဗျာများထဲမှတစ်ပုဒ်၏ခေါင်းစဥ်ကို ထိုနာမည်ပေးခဲ့သည်။ ထိုကဗျာ၏အဆုံးသတ်စာသား “ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအပေါ်/ မသိလိုက်ဘာသာ အလေးမထားနဲ့ / ကျွန်ုပ်တို့ သေလွန်သွားလည်း ဘဝများ ဆက်ပြီးရှင်သန်နေဦးမှာပဲ”ကို သူ့အုတ်ဂူကျောက်တိုင်၌ ရေးထိုးထားသည်။

ထိုစာသား၏အဓိပ္ပာယ်အပေါ် မှန်းဆချက်များစွာ ရှိခဲ့သည်။ အသက်ရှင်ခြင်းနှင့် သေခြင်းတရား၏ လက်တွေ့သဘောသဘာဝကို ကဗျာဆရာက အသိ အမှတ်ပြုခြင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူ့အား မြှုပ်နှံပေးရမည့်နေရာနှင့် သူ့အုတ်ဂူကျောက်တိုင်၌ မည်သည့်စာရေးထွင်းရမည်ဆိုသည့် ရိစ်၏ဆန္ဒ ပြည့်ဝခဲ့သည်။ စိတ်မချမ်းမြေ့စရာအမှန်တရားမှာ ကျွန်ုပ်တို့၏ထွက်ခွာမှုကို စိတ်မဝင်စားဘဲ ကျွန်ုပ်တို့ မပါဘဲ ဘဝအသက်တာသည် ဆက်လက်ရှင်သန်နေမည်ဖြစ်သည်။

ယုဒနိုင်ငံသမိုင်း၏ သေရေးရှင်ရေးတမျှဖြစ်သောကာလ၌ “နန်းတော်အုပ်” ရှေဗနသည် သူသေပြီးနောက် အမွေ ချန်ရစ်နိုင်ရန် သူ့အတွက် အုတ်ဂူတစ်ခုကို ပြုလုပ်ခဲ့သည်။ “သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဖို့…

ဖခင်များနေ့အထူးစာမူ

ဖေဖေများထံသို့

အဗ္ဗ အဘ

ဖတ်ရန်-   ရောမသြဝါဒစာ ၈:၁၂-၁၇

ဘုရားသခင်သည် ဘုံဗိမာန်တော်၌ စံပယ်လျက် မိဘမရှိသော သူတို့၏အဘဖြစ်၍ မုဆိုးမတို့ ဘက်မှာ တရားစီရင်တော်မူ၏။ဆာ ၆၈:၅

ဖခင်များနေ့ ပို့စကတ်လေးထဲမှ သရုပ်ဖော်ပုံလေးက ဟာသမြောက်လှသည်။ ဖခင် တစ်ဦးသည် လက်တစ်ဘက်တည်းနှင့် မြက်ရိတ်စက်ကို တွန်းကာ…

အထီးကျန်သောအသံ

ပထမကမ္ဘာစစ်ကို အဆုံးသတ်ခဲ့သည့် ပါရီငြိမ်းချမ်းရေးညီလာခံပြီးနောက် “ဒါက ငြိမ်းချမ်းရေးမဟုတ်ဘူး။ အနှစ် (၂၀) ယာယီ စစ်ပြေငြိမ်းရေးသာဖြစ်တယ်”ဟု ပြင်သစ်စစ်ဗိုလ်ချုပ် Ferdinand Foch (ဖာဒီနန် ဖော့ရှ်) က ခါးသီးစွာ မှတ်ချက်ချခဲ့သည်။ ကြောက်မက်ဖွယ်တိုက်ပွဲသည် “စစ်ပွဲအားလုံးကို ချုပ်ငြိမ်းစေမည့်စစ်ပွဲ” ဖြစ်သည်ဟူသောနာမည်ကျော်ယူဆချက်နှင့် ဖော့ရှ်၏အမြင်တို့ ကွဲလွဲလျက်ရှိသည်။ နှစ်ပေါင်း (၂၀) နှင့် (၂) လ အကြာတွင် ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့သည်။ ဖော့ရှ် မှန်ပါသည်။

ရှေးယခင်က ဘုရားသခင်၏တစ်ဦးတည်းသော စစ်မှန်သည့်ပရောဖက် မိက္ခာသည် ဣသရေလပြည်အတွက် သေရေးရှင်ရေးတမျှဖြစ်သော စစ်ရေးရလဒ်များကို တစိုက်မတ်မတ် ပရောဖက်ပြုခဲ့သည် (၆ ရာ ၁၈:၇)။ ဆန့်ကျင်ဘက်အနေဖြင့်
အာဟပ်မင်း၏ ပရောဖက် ၄၀၀ က အောင်ပွဲရမည်ဟု ပရောဖက်ပြုခဲ့ကြသည်။
“ပရောဖက်
အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါ”ဟု…

ဘုရားသခင်၏ငြိမ်းချမ်းရေးကိုယ်စားလှယ်များ

Nora (နိုရာ) သည် တရားမျှတမှုနှင့် ပတ်သက်ပြီး စိတ်အားပြင်းပြသူတစ်ယောက်ဖြစ်ရာ ငြိမ်းချမ်းစွာဆန္ဒပြခြင်းတွင် ပါဝင်ခဲ့သည်။ စီစဉ်ထားသည့်အတိုင်း အသံတိတ်ဆန္ဒပြရန် ဖြစ်သည်။ ဆန္ဒပြသူများသည် ကြီးမားသော တိတ်ဆိတ်မှုဖြင့် မြို့ထဲလမ်းလျှောက် ဆန္ဒပြကြသည်။ ထို့နောက် သူတို့အနီးသို့ ဘတ်စ်ကားနှစ်စီး ရောက်လာခဲ့သည်။ မြို့ပြင်မှ သောင်းကျန်းသူများ ရောက်လာခြင်းဖြစ်ပြီး ဆူပူအုံကြွမှု ဖြစ်ပွားခဲ့သည်။ စိတ်ကြေကွဲစွာဖြင့် နိုရာ အိမ်ပြန်လာခဲ့သည်။ သူတို့၏ ကောင်းမွန်သော ရည်ရွယ်ချက်သည် အချည်းနှီးဖြစ်သွားခဲ့ပုံရသည်။

တမန်တော် ရှင်ပေါလုသည် ယေရုရှလင်မြို့ရှိ ဗိမာန်တော်သို့ သွားရောက်စဉ် ထိုနေရာ၌ သူ့ကို ဆန့်ကျင်သည့် လူများနှင့် တွေ့ခဲ့သည်။ ထိုလူများသည် အာရှိပြည်” မှလာသောလူများ ဖြစ်ကြပြီး (တ ၂၁:၂၇)၊ သခင်ယေရှုကို သူတို့၏ဘဝ ရှင်သန်မှုပုံစံအတွက် ခြိမ်းခြောက်မှုအဖြစ် မြင်ကြသည်။ ရှင်ပေါလုနှင့်ပတ်သက်၍ အလိမ်အညာနှင့် ကောလဟာလများကို ဟစ်ကြော်ရင်း ပြဿနာဖြစ်အောင် လှုံ့ဆော်ခဲ့ကြသည် (:၂၈-၂၉)။ လူအုပ်ကြီးသည်…

ကျွန်ုပ်တို့ကိုယ်စားဖြစ်သော သခင်ယေရှု

ချမ်းသာကြွယ်ဝသော အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးသည် သူ့သူငယ်ချင်းများနှင့် ကားနှစ်စီးယှဥ်ကာ ပြိုင်မောင်းနေရင်း လမ်းလျှောက်နေသူတစ်ဦးကို တိုက်မိပြီး ထိုသူသေဆုံးသွားသည်။ ထိုလူငယ်သည် သုံးနှစ်ထောင်ဒဏ်ပေးခံရသော်လည်း တရားရုံးတွင် ပေါ်လာသူမှာ (နောက်ပိုင်းတွင် ထောင်ဒဏ်ကျခံရသည့်)  ပြစ်မှုကျူးလွန်သော ယာဥ်မောင်းအတွက် ငှားထားသော ကိုယ်စားခံယူသူ ဖြစ်သည်ဟု အချို့က ယုံကြည်ကြသည်။ တိုင်းပြည်အချို့တွင် ဤကဲ့သို့သောပုံစံမျိုး ဖြစ်ပေါ်သည်ကို သိရှိရပြီး ၊ အငှားကိုယ်ခန္ဓာဖြင့်  ကျခံရမည့်ပြစ်ဒဏ်ကို ရှောင်ရှားကြသည်။

၎င်းသည် မှားယွင်းပြီး ကိုယ်ကျင့်သိက္ခာချိုးဖောက်ခြင်း ဖြစ်ပုံ‌ေပေါ်သော်လည်း လွန်ခဲ့သောနှစ် နှစ်ထောင်ကျော်က သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအတွက်၊ ဖြောင့်မတ်သောသူသည် မဖြောင့်မတ်သောသူများအတွက် တစ်ကြိမ်ကိုယ်စားခံယူခဲ့သည် (၁ ပေ ၃:၁၈)။ ဘုရားသခင်၏ အပြစ်ကင်းစင်သောယဇ်အဖြစ် ခရစ်တော်သည် သူ့အား ယုံကြည်သူအားလုံးအတွက် တစ်ကြိမ်တည်းနှင့် အားလုံးအတွက် ဒုက္ခခံစားပေးဆပ်ခဲ့သည် (ဟေဗြဲ ၁၀:၁၀)။ သူသည် ကားတိုင်ပေါ်၌ ကျွန်ုပ်တို့အားလုံးအတွက် ကိုယ်တိုင် ပြစ်ဒဏ်ခံယူခဲ့သည်။ ယနေ့ခေတ်…

သခင်ယေရှု၌ ပြန်လည်‌မွေးဖွားခြင်း

Leonardo da Vinci (လီယိုနာဒိုဒါဗင်ချီ)ကို အနုပညာ ပြန်လည်ဆန်းသစ်ထွန်းကားစေသူအဖြစ် ကျွန်ုပ်တို့သိကြသည်။ သူ၏ကျွမ်းကျင်လိမ္မာမှုကြောင့် လေ့လာသင်ယူမှုနှင့် အနုပညာ နယ်ပယ်များစွာ၌ အဆင့်မြင့်တိုးတက်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့ရာတွင် လီယိုနာဒိုသည် “စိတ်မချမ်းမြေ့ဖွယ် ကျွန်ုပ်တို့၏နေ့ရက်များ”အကြောင်း မှတ်တမ်းတင်ခဲ့ပြီး၊ “ကျွန်ုပ်တို့နှင့်ပတ်သက်သည့် အမှတ်ရစရာတစ်ခုကိုမှ လူသားတို့စိတ်ထဲကျန်ရစ်အောင် မထားခဲ့နိုင်ဘဲ” ကျွန်ုပ်တို့သေဆုံးသွားကြသည်ဟု မြည်တမ်းခဲ့သည်။

“ဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာကို သင်ယူနေတယ်လို့ ထင်ခဲ့ချိန်မှာ ဘယ်လို သေဆုံးရမလဲဆိုတာကို ကျွန်ုပ်သင်ယူနေခဲ့တာဖြစ်တယ်” ဟု လီယိုနာဒိုက ပြောခဲ့သည်။ သူသိရှိ နားလည်သည်ထက်ပိုပြီး အမှန်တရားနှင့် သူ ပို၍နီးစပ်ခဲ့သည်။ မည်သို့သေဆုံးရမည်ကို သင်ယူခြင်းက အသက်လမ်းသို့ ပို့ဆောင်သည်။ ယေရုရှလင် မြို့တွင်းသို့ သခင်ယေရှုအောင်ပွဲခံဝင်ရောက်ပြီးနောက် (သံလွင်ခက်တနင်္ဂနွေအဖြစ် ယခုဆင်နွှဲသည့်နေ့၊ ယော ၁၂:၁၂-၁၉) “မြေ၌ကျသောစပါးစေ့သည် မပျက်လျှင်တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကို သီးတတ်၏” (:၂၄) ဟု သခင်မိန့်ဆိုခဲ့သည်။ သူအသေခံရမည့်အကြောင်းကို ပြောနေခြင်းဖြစ်သော်လည်း ထိုအရာသည် ကျွန်ုပ်တို့အားလုံးနှင့်လည်း…

ထာဝရအမွေ

Great Depression (ကမ္ဘာ့စီးပွားရေးကပ်)ဆိုက်စဉ် Dust Bowl သဲမုန်တိုင်းများက အမေရိကန်ပြည်ထောင်စုအား ဖျက်ဆီးပစ်စဉ်တွင် ကန်းဆက်ပြည်နယ်၊ ဟိုင်ယာဝါသာ (Hiawatha) မြို့သား John Millburn Davis (ဂျွန် မေးလ်ဘန်း ဒေးဗစ်စ်)က သူ့ကိုယ်သူ နာမည်တွင်အောင်လုပ်ခဲ့သည်။ ကိုယ့်ထူးကိုယ်ချွန်၍ သန်းကြွယ်သူဌေးဖြစ်လာပြီး ကလေးမရှိသော ဒေးဗစ်စ်သည် အလှူအတန်းတစ်ခုခု (သို့) စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တစ်ခုခုတွင် ရင်းနှီးမြှုပ်နှံခဲ့နိုင်သော်လည်း သူသည် ‌ဒေသခံသုဿန်တစ်ခုတွင် သူနှင့် ကွယ်လွန်ပြီးသောသူ့ဇနီးတို့၏ ရွယ်တူရုပ်တု (၁၁) ခုကို ငွေကြေးမြောက်များစွာ အကုန်ကျခံ တည်ဆောက်စေခဲ့သည်။

ကန်းဆက်ပြည်နယ်မှာ ကျုပ်ကို လူတွေမုန်းကြတယ်”ဟု ဒေးဗစ်စ် က သတင်းစာဆရာ Ernie Pyle (အာနီပိုင်းလ်)ကို ပြောခဲ့သည်။ ဒေသခံများက သူ့အား ဆေးရုံ၊ ရေကူးကန်၊ ပန်းခြံကဲ့သို့သော ပြည်သူပိုင်အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန် ငွေကြေးထောက်ပံ့စေလိုခဲ့သည်။ သို့သော် သူက “ဒါ ကျုပ်ပိုက်ဆံပဲ၊ ကျုပ်ပိုက်ဆံကို…

ဝတ်ပြုရာကျမ်းပင် ဖြစ်စေဦးတော့...

လေ့လာမည့်အ‌ေကြောင်းအရာခေါင်းစဥ်မှာ ဝတ်ပြုရာကျမ်းဖြစ်ပြီး၊ ကျွန်တော်၌ ဝန်ခံစရာရှိသည်။ “ဒီကျမ်းကို ကျွန်တော် အများကြီး ကျော်ဖတ်ခဲ့တယ်။ အရေပြားရောဂါအကြောင်းတွေကို မဖတ်ချင်တော့ဘူး”ဟု ကျမ်းစာလေ့လာသောအဖွဲ့ကို ပြောခဲ့သည်။

ထိုအခါ ကျွန်တော့်သူငယ်ချင်း ဒေ့ဗ်က “အဲ့ဒီကျမ်းကြောင့် သခင်ယေရှုကို ယုံကြည်ခဲ့တဲ့သူတစ်ယောက်ကို ငါသိတယ်” ဟု ပြောသည်။ သူ့သူငယ်ချင်း ဆရာဝန်
တစ်
ဦးသည် ဘာသာမဲ့တစ်ယောက်ဖြစ်ပြီး၊ သမ္မာကျမ်းစာကို လုံးလုံးလျားလျား သူမငြင်းပယ်မီ သူကိုယ်တိုင် ဖတ်ကြည့်ပါက ကောင်းမည်ဟု သူဆုံးဖြတ်ခဲ့သည်။ ဝတ်ပြုရာကျမ်းတွင် ပါရှိသော အရေပြားရောဂါဆိုင်ရာအပိုင်းသည် သူ့ကိုဆွဲဆောင်ခဲ့သည်။ ၎င်းတွင် ကူးစက်တတ်သော/ မကူးစက်တတ်သော အနာများအကြောင်း အံ့အားသင့်စရာ အသေးစိတ်အချက်အလက်များ (၁၃:၁-၄၆) နှင့် ၎င်းတို့ကို ကုသပုံတို့ ပါဝင်သည် (၁၄:၈-၉)။ ထိုခေတ်က ဆေးပညာ၏သာလွန်မှုကို သူကောင်းကောင်းသိလိုက်ရပြီး၊ ၎င်းသည် ဝတ်ပြုရာကျမ်း၌ ပါရှိသောအရာများဖြစ်နေသည်။ ‘မောရှေသည် ဤအရာအားလုံးကို သူ့ဘာသာသူ သိနိုင်မည်မဟုတ်’ဟု သူထင်သည်။ ထိုအရာများကို…

ဂုဏ်သိက္ခာကို လက်ကမ်းပေးခြင်း

မက်ဂီ (Maggie) ၏ ငယ်ရွယ်သောမိတ်ဆွေသည် အံ့သြထိတ်လန့်ဖွယ်အဝတ်အစားဖြင့် ဘုရားကျောင်းသို့ ရောက်လာသည်။ မည်သူမျှ မအံ့သြပါ၊ သူမသည် ပြည့်တန်ဆာတစ်ယောက်ဖြစ်သည်။ မက်ဂီ၏ဧည့်သည်သည် သူမ၏ ထိုင်ခုံတွင် မသက်မသာ လှုပ်ရှားလျက် အလွန်တိုလွန်းသော စကတ်ကို တလှည့်စီဆွဲကာ သတိရှိစွာဖြင့် လက်နှစ်ဘက်ကို ပိုက်နေလိုက်သည်။

မက်ဂီက သူမ ဝတ်ပုံစားပုံမှ အာရုံပြောင်းကာ “အိုး ညီမအေးနေလား” ဟုလှမ်းမေးလိုက်ပြီး၊ “ဒီမှာ အမရဲ့ပုဝါကိုယူထား”ဟု ပြောလိုက်သည်။

မက်ဂီသည် လူတစ်ဒါဇင်ကျော်ကို ဘုရားကျောင်းသို့လာရန် ဖိတ်ခေါ်ပြီး သက်သောင့်သက်သာရှိစေရန် ကူညီပေးခြင်းဖြင့် သခင်ယေရှုနှင့် မိတ်ဆက်ပေးခဲ့သည်။ သူမ၏နှစ်လိုဖွယ်ကောင်းသော နည်းလမ်းအားဖြင့် ဧဝံဂေလိတရား ထွန်းလင်းခဲ့သည်။ သူမသည် လူတိုင်းကို ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခဲ့သည်။

ဘာသာရေးခေါင်းဆောင်များက အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ပြင်းထန်သော (တိကျ‌သေချာသော) စွဲချက်ဖြင့် အမျိုးသမီးတစ်ဦးကို သခင်ယေရှုရှေ့သို့ဆွဲခေါ်လာသောအခါ သူမအား စွပ်စွဲသူများထွက်သွားသည့်တိုင် ခရစ်တော်သည် သူမကို အာရုံမစိုက်ခဲ့ပါ။ လူတို့ ထွက်သွားပြီးသောအခါ သူမကို…